Monday, September 21, 2009

တို့မဝေးဘူး

သေချာမှုဆိုတာဘာနဲ့ ဖွဲ့ တည်ထားသလဲကို
ဝေးကွာနေဆဲကြယ်ကလေးနှစ်ပွင့်မှာ
တစ်ပွင့်ကအငိုတွေနဲ့ 
ပြုံးနေနိုင်မယ်ထင်ခဲ့ရင်
အိမ်မက်တွေမှားယွင်းသွားလိမ့်မယ်
တစ်ယောက်ကတစ်နေရာ
တစ်ယောက်ကအလွမ်းကမ္ဘာ
သစ္စာနဲ့ ရေးထားခဲ့တဲ့ မေတ္တာ
မိုင်ပေါင်းများစွာဝေးကွာနေတာတောင်မှ
အချိန်တွေကိုယုံသတဲ့လားဟင်
ငါ့ဘ၀မှာ မင်းလောက်ဘယ်သူမှအရေးမပါခဲ့ဘူး
အဲဒီတော့
မေတ္တာမှန်ရင်ဘယ်လောက်ကွာဝေးပါစေ
ဘာဒုက္ခပဲဖြစ်ဖြစ် စာမဖွဲ့ လောက်ပါဘူးနော်. . . ... . ..

1 comment:

Unknown said...

ဟေ့..ကြိုက်သွားပြီ..