Friday, September 4, 2009

အွန်လိုင်းအခွန်ဆောင်ကတ် ထုတ်ရန် စီစဉ်

အခွန်ထမ်းပြည်သူများ အွန်လိုင်းမှနေပြီး အခွန်ဆောင်နိုင်ရန်အတွက် အခွန်ထမ်း အမြဲတမ်း မှတ်ပုံတင်ကတ်ထုတ်ပေးရန် အစီအစဉ်ရှိကြောင်းသိရသည်။ အခွန်ထမ်းအမြဲတမ်း မှတ်ပုံတင်ကတ် ဆိုသည်မှာ (taxpayer identification number) TIN ဖြစ်သည်။ မြန်မာနိုင်ငံမှာရှိသော အခွန်ထမ်းမှန်သမျှ မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသလို TIN ကတ် ကိုင်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ၄င်း TIN ကတ်တွင် အခွန်ထမ်း နာမည်နှင့် ကိုယ်ပိုင်နံပါတ် ၁၁ လုံးပါဝင်ပြီး၊ နံပါတ် ၁၁ လုံးမှာ ထိပ်ဆုံးနှစ်လုံးက ပြည်နယ်နှင့်တိုင်းကို ကိုယ်စားပြုသော နံပါတ်၊ ဥပမာ ရန်ကုန်ဆိုလျှင်
မှတ်ပုံတင်နံပါတ် ၁၂ကိုယူပြီး ရန်ကုန်ဆို ၁၂၊ ၄င်းနောက်တွင် ခရိုင်နံပါတ်တစ်လုံးပြီးလျှင် မြို့နယ်နံပါတ် နှစ်လုံးပြီးတာနဲ့ ၀၀၁ ကစပြီး ကိုယ်ပိုင် နံပါတ် ပေးသွားမည် ဖြစ်ကြောင်း၊ ၄င်းအစီအစဉ်ကိုဆောင်ရွက်နေသည်မှာ ၃ နှစ်လောက်ရှိနေပြီဖြစ်ကြောင်း၊
ယခုရန်ကုန်ရှိအခွန်ထမ်းဆောင်နေသော အခွန်ထမ်းများအတွက် TIN နံပါတ်များအကြမ်းဖျင်းသတ်မှတ်ထားပြီး ပြီးမှ အခြားပြည်နယ်နှင့် တိုင်းများတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင်တစ်နိုင်ငံလုံး တစ်ပြေးညီ TIN နံပါတ်သတ်မှတ်ပေးပြီး ကတ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းမှ တစ်ဆင့် အခွန်ပေးဆောင်သောအခါ အခု အခွန်ထမ်းများသည် အခွန်ဘယ်လောက် စည်းကြပ်ခံနေရတယ်ဆိုတဲ့အတိုင်း မိမိ TIN နံပါတ် ရိုက်ထည့်လိုက်ခြင်းဖြင့် ဝင်ငွေအပေါ် မိမိဆောင်ရမည့် အခွန်နှုန်းထားအတိုင်းပေးဆောင်ရမည်ဖြစ်ကြောင်း၊ TINကတ်မှာအခွန်တစ်ခါထမ်းဆောင် ခဲ့ဖူးသော လုပ်ငန်းရှင်၊ အခွန်ပေးရမည့် ဝင်ငွေရှိသော ကုမ္ပဏီ လခစား ဝန်ထမ်းအစရှိသောသူများကို ထုတ်ပေးမှာဖြစ်ပြီး တစ်ပြည်လုံး၏ အခွန်ထမ်းအမြဲတမ်းမှတ်ပုံတင်အမှတ် TIN ကုတ်များသတ်မှတ်ပြီးလျှင် အခွန်ထမ်းများအနေဖြင့် အရင်လိုကြုံရင်ကြုံတဲ့ အခွန်ရုံးများတွင် ပေးဆောင်ရန် မရတော့ပေမယ့် အွန်းလိုင်းမှတစ်ဆင့် မည်သည့်နေရာကိုမဆို လွယ်ကူစွာနဲ့ အခွန်ပေးနိုင်တော့မည်ဖြစ်ကြောင်း ၂၀၀၉ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ထုတ်မော်ဒန်ဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments: