Wednesday, September 2, 2009

မျှော်လင့်နေမယ်


ကောင်မလေးရေ
မဖြစ်နိုင်တာကို လိုချင်နေလို့
ငါ အရူးတစ်ယောက် ဖြစ်နေပြီလား …
တစ်နေ့မမြင်ရရင်
မနေနိုင်တဲ့ ငါ့ရဲ့စိတ်က
မင်းတစ်ယောက်တည်းအတွက်ရယ်ပါ …
မျှော်လင့်လို့ မရတဲ့
အခြေအနေမှာပဲ
ခေါင်းငုံ့ရင်းနဲ့ ချစ်နေမယ် ….
ချစ်ပါရစေ ကောင်မလေးရယ်
မင်းကိုချစ်နေတဲ့ အချိန်မှာ
ကြည်နူးရတဲ့ င့ါရင်ခွင်
မင်းကို မြင်နေရရုံနဲ့
ပျော်နေရတဲ့ ငါ့ရဲ့စိတ်တွေကို
တားဆီးဖို့ မတိုက်တွန်းပါနဲ့ ……
လူသားတိုင်းမှာ မျှော်လင့်ချက်ကိုယ်စီ ရှိကြတယ်
ဒါကြောင့် ….. ငါလည်း
မင်းကို မျှော်လင့်ရင်းနဲ့သာ အသက်သေသွားပါရစေ ……….

No comments: