Friday, September 25, 2009

ကြယ်စင်တမ်းချင်း

ဝေးမနေချင်ပေမဲ့လည်း
ခွဲနေရတယ်…
လွမ်းမနေချင်ပေမဲ့ လည်း
ဆွေးနေရတယ်……
မေ့ထားခဲ့ချင်ပေမဲ့လည်း
သတိရနေဆဲပဲ…..
သြော်…..ကံကြမ္မာ
ဖန်လာတော့လည်း
ဇတ်ဆရာ အလိုကျ
မလွှဲသာ၍ ငါ “က” ရပေဦးမည်……။
ပျော်နေချိန် အနားမရှိစေချင်
ရှောင်ဖယ်အဝေးမှာ နေပါ့မယ်…….
ဝမ်းနည်းချိန်အဖော်ပြုလို့ 
မင်းရဲ့ဘေးနား နေချင်တယ်…။
ပေးဆပ်ခြင်းတွေ များလာတဲ့အခါ
တစ်ခုလောက်တော့ ပြန်မျှော်လင့်မိတာ
ငါ …….မှားသတဲ့လား ကွာ…………….။

(ညီမလေးသင်ဇာ ၀က်ဆိုက်မှ ကူးယူဖော်ပြပါသည်။)

No comments: