Wednesday, September 2, 2009

မလာစေချင်ဘူး


မှားယွင်းနေတဲ့ ငါ့ဘ၀အတွင်း
မင်းက … အလင်းဖြစ်မလား။
rhythm ပျက်နေတဲ့ ငါ့မြို့အတွင်း
မင်းက … မြစ်တစင်းဖြစ်မလား။
ခန်းခြောက်နေတဲ့ ငါ့ဘ၀ထဲ
မင်းက … လှမ်းလျှောက်လာမဲ့ အိုအေစစ်လေးလား။

ရေရာနေတဲ့ ဘ၀ဆိုပေမယ့်
မသေချာတဲ့ ဂုဏ်သိက္ခာအတွက် ငါ့ကိုငါ အားငယ်တယ်။

ပြင်ဆင်ခွင့်ရှိတိုင်း ဆိုးခဲ့ပေမယ့်
မရိုးနိုင်တဲ့ လူတွေရဲ့ စကားလုံးတွေ မင်းကို ထိပါးမှာ ငါကြောက်တယ်။

ငါ့ဘ၀ရဲ့ ညတဖက်ဟာ လှပနေပေမယ့်
နေ့တဖက်ဟာ စုတ်ပြတ်နေလို့
ကူရှင်တွေ ပြန်စုပ်နေရတဲ့ကားလို
ငါ့ဘ၀ထဲ မင်းလိုက်လာမှာကို အားနာတယ်။

နေထွက်တဲ့အချိန်မှာလဲ ခေါင်းမော့ရဲပေမယ့်
အရိပ်ထဲကို ကြည့်တိုင်း အမာရွတ်တွေ ဖွေးလို့…
လထွက်တဲ့အချိန်တိုင်း သာယာမှုကို ခံစားနိုင်ပေမယ့်
အရိပ်နက်ညတွေက ငါ့ကို လှောင်ပြောင်လို့ ….

တွေးထားစမ်း ကောင်လေး ….
မင်းမှန်သလား။
ဘယ်တုန်းကမှ လူတွေကို သောက်ဂရုမစိုက်ဘူးတဲ့ ရင် ….
ခုတော့ အမြင်မှန်ရပြီလား။

ဘယ်တုန်းကမှ လုပ်ချင်တာထက် ပိုမသိတဲ့စိတ်
ခုတော့ အရိပ်တောင် ကြောက်တတ်ပြီလား။

အဖေနဲ့အမေကလွဲရင် ဒါပဲ လို့ ပြောတတ်ခဲ့တဲ့ ပါးစပ်
ခုတော့ နတ်ဝင်သည် လက်လို တုန်ခါတတ်ခဲ့ပြီလား။

အင်အားသာလျှင် ကိုးကွယ်ရာလို့ ခံယူခဲ့တဲ့လက်
ခုတော့ပန်းဆက်ဖို့ ကြိုးပန်းတတ်ပြီလား။

ဟန်ဆောင်မှုတွေကို ရွံ့ရှာတတ်တဲ့ ငါ
ခုတော့ လူပေါင်းကောင်းအောင် လိမ်တတ်ခဲ့ပြီလား။

ထားတော့ ကောင်လေး ….
မင်းအချိန်စေ့ခဲ့ပြီ။
စိတ်ဒဏ်ရာတွေ ပြည့်နေတဲ့ မင်းဘ၀မှာ
လိပ်လို နောက်တခါ ထပ်မတွေးနဲ့တော့
အရိပ်မှာ အရောင်စုံနေခဲ့ပြီးပြီ။

လန်နေတဲ့ဟန်တွေကိုမေ့ကာ
ဒဏ်ရာတွေကို မလိမ်ချင်နဲ့တော့
တိမ်မဲတွေပြည့်နေတဲ့ ကောင်းကင်ကို
ထပ်ပစ်လိုက်လဲ ဘာအရေးလဲ …..
အက်ဆစ်မိုးတွေရွာချရင် သူများတွေပါ လောင်ကျွမ်းကုန်မယ်။

No comments: