Friday, September 4, 2009

ဘ၀ဆိုတာ -----------


ဘ၀က ပင်လယ်ပြင်ပေါ်
လှိုင်းကလေး လွန့်လူးသလို

တက်လိုက် ဆင်းလိုက်၊
ကောင်းသလှဲ့ ဆိုးသလှဲ့ပေါ့။

ဘ၀က အားကစားတစ်ခုလိုပ
ပြိုင်ပွဲမှာ ကိုယ်ရဲ့ ကစားနည်းပေါ်မှာပဲ မူတည်ခြင်းပေါ့။ ဘ၀ဇါတ်ခုံပေါ်မှာ
ပာာသ၊ဇတ်မြူး၊
အလွမ်း၊အဆွေး၊ မျက်ရည်တွေလည်းကျရတာပဲ
ကံကြမ္မာလှည်းဘီးက
တက်လိုက်ဆင်းလိုက်နဲ့

ပျော်ရွှင်နေတဲ့ အချိန်မှာတော့

ပျော်ရွှင်ခြင်းအရသာကို
ကျေနပ်ပျော်ရွှင်စွာ
ခံစားကြပေမဲ့ ကံကြမ္မာလှည်းဘီးက အောက်ရောက်လို့ အခက်အခဲတွေနဲ့တိုး
ဝမ်းနည်းခြင်းတွေနဲ့ တွေ့တဲ့အခါလည်း

မျက်ရည်တွေ ခမ်းခြောက်

အပြုံးပန်းတွေ ပြန်လည်ပွင့်လန်းနိုင်တဲ့အချိန်ထိ

ကြံ့ကြံ့ခံလို့ ရင်ဆိုင်နိုင်ပါစေလို့
ဆုတောင်းပါတယ်။

နောက်ဆုံးမှာတော့ ဘ၀က
ကိုယ့် လုပ်တဲ့ အလုပ်တွေအပေါ်
ကိုယ့် ဆုံးဖြတ်ချက်တွေပေါ်မှာပဲ မူတည်တာပါပဲ။

အောင်မြင်ကျော်ကြား ပညာရှိတဲ့သူတွေကတော့

အခက်အခဲတွေကို ကျော်လွှား

ခံနိုင်ရည် ရှိတဲ့သူတွေတဲ့။

သူငယ်ချင်းလည်း
ခရီးကြမ်းလမ်း အခက်အခဲတွေကြား

ကြံ့ကြံ့ခံလို့ အရှုံးပေးတက်တဲ့သူတစ်ယောက်မဖြစ်ပါစေနဲ့နော်။

No comments: