ကြယ်အလင်းတို့ မှိန်ဖျ လရောင်အလင်းဖျော့ ဖျော့မှာ
လေညှင်းရဲ့  ကျီစယ်မှုနဲ့ အတူ သစ်ပင်တွေ ယိမ်းကလို့ 
အတွေးတွေနဲ့  ညဟာ …. တိတ်… ဆိတ် .. ရှိုက်ငိုရင်း
ခြေရာဟောင်းတစ်ချို့ က အတိတ်တောအုပ်လေးမှာ
တရိပ်ရိပ်နဲ့ သွားလာနေဆဲ . . .
မြင်တွေ့ မိတဲ့  အခိုက်အတန့် မှာ
နှလုံးသားလေး သစ်ရွက်ကြွေလို ကြွေလွင့်ခဲ့ ရ
နားစည်ထက် ပဲ့ တင်ရိုက်ခတ်နေတဲ့  အရိပ်တစ္ဆေ . . .
ဝမ်းနည်းမှုတွေ အထပ်ထပ်နဲ့  ဟိုး …. အဝေးကိုလွင့်စင်သွားခဲ့ သလို
တစ်ခဏအတွင်း ၀န်းကျင်တစ်ခုလုံး မှောင်မိုက်လို့ သွားခဲ့ပြီ ။
ငါ့ အလင်းရောင်လေး ဘယ်ကိုများ ရောက်လို့ နေလဲ?
မွန်းကြပ်စရာ အတွေးတွေက မင်းနဲ့ ဝေးရာကို ခေါ်ဆောင်သွားတယ်…
ဘ၀အမောတွေကြား တစ်ခါတစ်ရံ ဖြစ်တည်လာတဲ့  မညီမျှမှုတွေကြားမှာ
အမြဲလိုလို နောက်ကျနေမိတဲ့ ငါ ….
ဝမ်းနည်းအားငယ်မိတာ ဆန်းတော့  မဆန်းပါဘူး…
အတိတ်တောအုပ်လေးဆီက ခြေရာဟောင်းတစ်ချို့ ကို
မနာလိုဖြစ်မိတယ်ဆိုတာ အချိန်ဖြုန်းခြင်းတစ်မျိုးပဲမဟုတ်လား။
ငါ့ မှာ ရှိသင့်ရှိထိုက်တာတွေအားလုံး ရှိနေတာပဲ …
နောက်ဆုံး …. ကိုယ့်စိတ်ကိုယ် အားပေးရင်း
အဓိပ္ပာယ်မဲ့ အတွေးတွေကို မြှုပ်နှံလိုက်တဲ့ အခါ . . .
မှောင်မိုက်နေတဲ့ ဝန်းကျင်မှာ
အလင်းရောင်တွေ ယှက်ဖြာလို့ 
အလင်းပွင့်ချိန်ရောက်ခဲ့ ပြီ ။ ။
No comments:
Post a Comment