Sunday, September 13, 2009

အချစ်ဆိုတာ

အချစ်ဆိုတာ
ကျွန်တော့် အတွက်တော့
ရယူခြင်းလဲ မဟုတ်ဘူး
ပေးဆပ်ခြင်းလဲ မဟုတ်ဘူး
အချစ်ဆိုတာ---- ချစ်နေဖို့ပဲ ။

သူဟာ ကျွန်တော်နဲ့
ဝေးနေသည် ဖြစ်စေ
နီးနေသည် ဖြစ်စေ
ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်
အမြဲထာဝရ ချစ်နေမှာပါ ။

ဒါပေမယ့် တစ်ခုတော့ ပြောချင်ပါတယ် ချစ်သူ
အချစ်ဦးထက်ကို နောက်ဆုံး အချစ်နဲ့
အချစ်ဆုံးက ပိုအရေးကြီးပါတယ်လို့-----။

No comments: