Monday, September 14, 2009

နှုတ်ဆက်ပါတယ်

ညနေခင်းမှာ အိပ်မောကျနေတတ်တဲ့
ငှက်ပျင်းလေးတစ်ကောင်ပေါ့ ။

ငါ...အထိတ်တလန့်နိုးလာတဲ့အချိန်မှာ
အချစ်ကဘေးမှာ ... မရှိတော့ဘူး ။

မသွားပါနဲ့လို့ပြောသင့်ပါတယ်
ပြောလည်းပြောချင်ခဲ့ပါတယ်။

ဒါပေမယ့် ... ငါပြောဖြစ်ခဲ့တာက
..နှုတ်ဆက်ပါတယ်...တဲ့။

နှုတ်ဆက်ပါတယ်..
မင်းရဲ့ခြေသံက ငါ့နှလုံးသားတစ်ခုလုံးကို
သစ်ရွက်လို .. ခြွေချသွားတယ် ။

နှုတ်ဆက်ပါတယ်..
အိပ်မက်တွေမက်နေမိတဲ့ညနေခင်းမှာ
ငါ့အတွက် ... တေးသီချင်းမရှိဘူးဆိုတာ
ငါ..ကြိုသိနေလို့ပါ ။

နှုတ်ဆက်ပါတယ်...
ဟိုးအဝေးက တေးသီချင်းပွဲတော်မှာ
အချစ်ဆိုတာ လူသတ်ကုန်းလား .. ဆိုတဲ့မေးခွန်းကိုမေးဖို့
ငါ..ပျံသန်းသွားရတော့မယ်။

နှုတ်ဆက်ပါတယ်...
အကြောင်းတိုက်ဆိုင်တဲ့အခါ
ငါ..ဆိုတာကို .. သတိရပေးပေါ့ ..။

နှုတ်ဆက်ပါတယ် ...
ညနေခင်းမှာ သီချင်းဆိုဖို့မေ့နေတတ်တဲ့
ငှက်ပျင်းလေးရဲ့တစ်ဘ၀လုံး ...

နောက်ဆုံးပြောဖြစ်ခဲ့တဲ့စကားတစ်ခွန်း
အထပ်ထပ်ရေရွတ်ရင်းနဲ့ပဲ
နှုတ်ဆက်ပါတယ် ...
နှုတ်ဆက်.....ပါတယ်...
နှုတ်...ဆက်...ခဲ့...ပါ...တယ်...။

No comments: