Tuesday, September 1, 2009

ဝိုးတ၀ါးမျှော်လင့်ချက်


ဖမ်းဆုပ်မယ် ကြံခါမှ…
ဟော…ထွက်ပြေးသွားတယ်…
ငါ့အတွေးတွေ။

သဲ့သဲ့လေးပဲ ကြားနေရတဲ့…
ဒီရင်ခုန်သံလေးလည်း…
လေအဝှေ့မှာ တိတ်တိတ်လေး
လွင့်သွားပြန်တယ်။

အခုတော့…ငါ့မှာ
မရေမရာ စိတ်ကူးတွေနဲ့..
ရှေ့ကို ဘယ်လို ခရီးဆက်မလဲ။

မထူးပါဘူး…
ချွတ်မရတဲ့ ဒီအစွဲအလမ်းတွေနဲ့…
ငါ့ ၀ိုးတ၀ါး မျှော်လင့်ချက်လေးအတိုင်း…

ကဲ..အိပ်မက်ထဲက
ငါ့ကြယ်ပွင့်လေးရေ…
ဘယ်တော့များမှ ငါ့ရင်ခွင်ထဲ…
နင် ကြွေကျလာမလဲကွယ်…။

No comments: