Friday, September 4, 2009

ကာရံမလှတဲ့ ညနေ



နွေလယ်ညနေခင်းတစ်ခု
အထီးကျန်စွာ တစ်ကိုယ်ရည်
လမ်းလျှောက်လို့လာစဉ်

ပြန်တွေ့ခွင့်ရတဲ့
မျက်ဝန်းတစ်စုံကြောင့်

ကမ္ဘာကြီး
ခဏရပ်တန့်သွားခဲ့ပါတယ်။

ကြည်နူးစရာအမှတ်တရတွေ

ပိုင်ဆိုင်ခွင့်မရခဲ့သူမို့

ဒီညနေခင်းလေးကို

မြတ်နိုးစွာသိမ်းဆည်းထားမယ်လို့

ရည်ရွယ်မိကာမှ
နင့်အနားကိုလျှောက်လာပြီး
နင့်လက်တွေကို
ဆုပ်ကိုင်လိုက်တဲ့ တစ်ယောက်က
အောင်နိုင်သူတစ်ယောက်ရဲ့အပြုံးတွေ
ငါ့ကို လက်ဆောင်ပေးခဲ့တယ်။

ဒဏ်ရာတွေခင်းထားတဲ့လမ်းမကြီးပေါ်
စုံတွဲလေးတစ်ရွေ့ရွေ့ပျောက်ကွယ်သွားတဲ့အချိန်

ရင်နာနာနဲ့ပဲ ဆုတောင်းပေးလိုက်ပါတယ်။
ရင်ခွင်သစ်မှာ နင်ပျော်ပါစေချစ်သူ….။

No comments: