Tuesday, September 8, 2009

လွမ်းတယ်


လွမ်းတယ် ' ဆိုတဲ့
စာလုံးလေးနှစ်လုံး
ရေးရတာလဲ လွယ်သလို ပြောရတာလဲ လွယ်ပါတယ်.....။
ဒါပေမယ့်
ခံစားကြည့်မယ်ဆိုရင်တော့ ရင်ဘတ်တစ်ခုလုံး
ပြောင်းဆန်နေအောင် မွှေနောက်ပစ်တတ်တာပဲ
သတိယတယ်ဆိုတိုင်း မင်းကိုလွမ်းတဲ့စိတ်တွေ
ဖြေဖျောက်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ.....။
ဒါပေမယ့်
လွမ်းတတ်သူရဲ့ ရင်ထဲမှာတော့
သတိယတယ်ဆိုတာနဲ့ လွမ်းတဲ့စိတ်ကို
ဖြေဖျောက်နိုင်မယ် မထင်မိဘူးကွယ်.....။
တခြားသူတော့မသိဘူး ကိုယ့်အတွက်တော့
မင်းမျက်နှာကိုမြင်မှပဲ မင်းကိုလွမ်းတဲ့စိတ်ကို
ဖြေဖျောက်နိုင်မယ် ထင်မိပါရဲ့.......။ ။

No comments: