Thursday, September 24, 2009

ချစ်သူသို့ ----------

စ်ခါတလေမှာ ချိုမြန်တဲ့စကားလေး တစ်ခွန်းထက်
နွေးထွေးတဲ့လက်တစ်စုံကို လိုချင်မိခဲ့တယ်။
အဲဒီလက်က ပူပူနွေးနွေး အကြင်နာ ဟင်းတစ်ခွက်လို
ဆာလောင်သူကို စိတ်ခွန်အားတွေနဲ့ ပြည့်စေသတဲ့...
ဒီတစ်သက် ဒီဘဝမှာ
ဒီလက်ကိုပဲ တွဲရမယ်လို့
အဓိဌါန်ချခဲ့သလား ထင်ရအောင်
ဘာကြောင့်မှန်းမသိ မင်းလက်ကိုပဲ တွဲထားချင်မိတယ်။
တစ်ခါတလေ ဖြတ်တိုက်သွားတဲ့
လမ်းဘေးက လေရိုင်းရဲ့ အနှောင့်အယှက်တွေ ရှိပေမယ့်
တွဲထားတဲ့ မင်းလက်မှာ အနွေးဓာတ်တွေ ရှိနေသေ:ရင်
လေရိုင်းတွေ ဘယ်လောက်ကြမ်းပါစေ မမူ့ပါဘူး။
ကောင်မလေးကို အရမ်းချစ်တယ်
နေရောင်ခြည်ကို ချစ်သလို
လေထုကို ချစ်သလို
ရေငွေ့ကို ချစ်သလို
ပင်လယ်ကို ချစ်သလို
ပန်းတွေကို ချစ်သလို
လောကကြီးကို ချစ်သလို
ကိုယ်ကို..ကို ချစ်သလို
ကောင်မလေးကို ..အရမ်း ချစ် တယ်။
လူတိုင်းမှာ စကားလုံးကိုယ်စီရှိတယ်
ပုံပြင် ဇာတ်လမ်း ကိုယ်စီရှိတယ်။
ကိုတို့မှာလည်း ကိုတို့
ယုံကြည်ချက်တွေ ရှိတယ်။
ယုံကြည်ချက်နဲ့ အပြုံးကိုယ်စီ
တွဲလက်နဲ့အတူ ဆုပ်ကိုင်ထားကြမယ်နှော်။
တွဲလက်ကို မဖြုတ်တမ်း လမ်းဆုံးအထိလျှောက်နိုင်မလား?
တစ်ခါတလေ သံသယဖြစ်မိတယ်။
မျှော်လင့်ချက်များများ မထားရင်
မျှော်လင့်ချက်မဲ့တာလည်း နည်းလိမ့်မယ်လို့ ထင်ခဲ့တယ်။
ဒါကြောင့် တွဲလက်ကို ဖြေလျှော့လိုက်ချိန်
နောက်တစ်ကြိမ် တင်းတင်း ပြန်တွဲထားလိုက်တယ်။
အဲဒီနောက်……

ကောင်မလေးလက်ကို ဘယ်တော့မှ မဖြုတ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
ပထမဆုံးအကြိမ် လက်တွဲစကနေ
ခရီးလမ်းဆုံးအထိ ကိုတို့လက်တွေ
ခိုင်ခိုင်မြဲမြဲထားရအောင် ။

No comments: