Thursday, September 10, 2009

အသားကင်များတွင် အဏုဇီဝပိုးများပါဝင်

အကင်ဆိုင် များတွင်ရောင်းချ လျက်ရှိသော ဘာဘီကျူးများဖြစ်ကြ သည့် ကြက်ဘာဘီကျူး၊ ငါးဘာဘီကျူး၊ အမဲသားဘာဘီကျူးတွေမှာ E.coli အများဆုံးပါဝင်ပြီး ၀မ်းပျက် ၀မ်းလျှောရောဂါကို ဖြစ်ပွား စေသည့် Salmonella အုပ်စုများလည်း ပါဝင် နေသည် ကို တွေ့မြင်ရကြောင်း အဏုဇီဝ ပညာရှင် ဒေါက်တာစိုးစိုးထွေးက ပြောဆိုသည်။ “ရန်ကုန်တိုင်းအတွင်းက အကင်ဆိုင် တွေကိုလေ့လာကြည့်တဲ့အခါမှာ အကင်ဆိုင် တွေမှာရောင်းချနေကြတဲ့ ဘာဘီကျူးတွေမှာ အဏုဇီဝပိုးတွေကို တွေ့ရတယ်။ အဲဒါတွေကို စားသောက်တဲ့သူတွေမှာ အစားအစာကြောင့် ဖြစ်တဲ့ရောဂါတွေ ၀င်ရောက်လာတဲ့ အထောက် အထားတွေ တွေ့မြင်ရပါတယ်”ဟု အဆိုပါ အဏုဇီဝပညာရှင် ဒေါက်တာစိုးစိုးထွေးက ပြောသည်။ အဆိုပါဘာဘီကျူးများကို ကိုယ် ခံအားနည်းနေချိန်တွင် စားသုံးမိသူများအနေ ဖြင့် သက်ဆိုင်ရာရောဂါပိုးများ၏ တိုက်ခိုက်မှု ဒဏ်ကိုခံရသည့် သုတေသနပြုချက်များလည်း ရှိသည်ကို တွေ့ရကြောင်း၊ အချို့စားသုံးသူများ မှာ အစားအစာကြောင့်ဖြစ်သောရောဂါများ ဒဏ်ကိုခံစားရကြောင်း အဆိုပါပညာရှင်က ပြောသည်။

ဘာဘီကျူးအချို့တွင် ပါဝင်သော Pseudomonas ပိုးများမှာ နာတာရှည်ရော ဂါသည်တို့ အိပ်ရာထဲလဲနေစဉ်၌ ဖြစ်ပွားတတ် သည့် ကျောနှင့်တင်ပါးဆုံကဲ့သို့နေရာမျိုးများတွင် အနာများ ဖြစ်ပွားသကဲ့သို့ အဆိုပါ Pseudmonas ပိုးများကအနာဖြစ်စေနိုင်ကြောင်း သိရ သည်။ ဘာဘီကျူးများ၌ Shigella ပိုးက အများ ဆုံး ဖြစ်ပြီး ဒုတိယအများဆုံးမှာ E.coli Salmonella တတိယအများဆုံးဖြစ်ပြီးစတုတ္ထ အများဆုံးကတော့ Pseudomonas ပိုးများ ဖြစ်သည်ဟု အဆိုပါ ပညာရှင်က သူမ၏စာ တမ်းတွင်ထည့်သွင်းခဲ့ကြောင်းပြောဆိုသည်။

No comments: