Friday, September 18, 2009

ဝပ်ကျင်းထဲကလမင်း

ငါရင်ဘတ် ၀ပ်ကျုင်းထဲက
ကောင်မလေးရေ
အချစ်ဆိုတာ
ဆင့်ကဲဆင့်ကာ
ဖြစ်ထွန်းတတ်တဲ့
ဓမတာလောကထဲက
သစ်သီးတစ်လုံးပေါ့ ............. ။
တို့နှစ်ယောက်ရဲ့
အချစ်သစ်ပင်မှာ
အမုန်းဆိုတဲ့ သီးကင်းတွေ
မမြင်ချင်ပါ
မရည့်မှည့်ခင်
ခြွေချပစ်ရမှာ ................... ။
အမုန်းတွေ
ရန်ငြိုးတွေ
သံသယတွေ
မလိုမုန်းထားစိတ်တွေနဲ့
နှလုံးသားအပုပ်အသိုးတွေ
အားလုံး အားလုံးကို
ကျောက်ဖြစ်သွားတဲ့
အာဒမ်ရဲ့ နှလုံးသားနဲ့
မီးခတ်ပြီး ရှို့ပစ်လိုက်ရမှာ ................ ။
ငါရဲ့ နှလုံးသား ပြန်လည်ပေါက်ဖွားလာစေတဲ့
ကောင်မလေးရေ ........... ။
နင်နဲ့ငါရဲ့အချစ်ကို
ကျောက်စာတစ်ချပ်ပေါ် ကမည်းတင်ပြီး
မြေကြီးထဲ မြှုပ်ထားကြစို့ရဲ့
နောင်တခေတ် ချစ်တတ်သူတွေ
လွမ်းကျန်ရစ်ကြရအောင် .............. ။
နင်နဲ့ငါ
နင့်အချစ်နဲ့ငါ့အချစ်
World ပေါ်က ရှိရှိသမျှအချစ်
အချစ် အချစ်တွေ
ဖန်ဆင်းထားရစ်ခဲ့သူကို
အထူးကျေးဇူးတင်လိုက်ပါရဲ့ကွယ် .............. ။

No comments: