Sunday, September 6, 2009

ရင်ထဲမှ သူမ -----------------


လေပြေတွေကြောင့် ရိမ်းနွဲ့သွားတဲ့မြက်ခင်း..
နေရောင်ခြည်ကြောင့် လတ်နေတဲ့ကန်ရေပြင်..
ပန်းရနံ့ကြောင့် သင်းပျံ့နေတဲ့ဝန်းကျင်...
မင်းရှိနေလို့ ပြည့်စုံနေတဲ့ငါ့ဘဝ...

လေပြေတွေသာ မတိုက်ခက်ရင်
မြက်ခင်းတွေ ရိမ်းနွဲ့နိုင်ပါ့မလား.။

နေရောင်ခြည်သာ ပျောက်ကွယ်သွားရင်
ကန်ရေပြင်ရော လင်းလတ်နိုင်ပါ့မလား.။

ပန်းရနံ့တွေမရှိဘူးဆိုရင်
ဝန်ကျင်တစ်ခု သင်းပျံ့မှုတွေရှိနိုင်ပါ့မလား.။
အဲဒီလိုပါပဲ
မင်းသာမရှိတော့ရင်
ငါ့ဘဝကြီး ပြည့်စုံနိုင်ပါတော့မလား.။

No comments: