Tuesday, September 8, 2009

ပြန်လာပါ ချစ်သူ


ပြန်လာပါလို့ပြောခွင့်မရှိပေမယ့်
ပြန်လာစေချင်ခဲ့မိတာပါ
လာမှာမဟုတ်မှန်းသိလျက်နဲ့
မျှော်လင့်နေမိခဲ့တာပါ
အချိန်တန်ရင်တော့
မင်းပြန်လာမှာပါလေ
ဒါပေမယ့်လည်း.....
အဲဒီအချိန်မတိုင်ခင်
မင်းကိုတွေ့ချင်နေမိတာ
အပြစ်တစ်ခုလို့ဆိုချင်လည်းဆို
ကံဆိုတာကြီးကိုဖန်တီးလို့သာ
ရမယ်ဆိုရင်
မင်းပြန်လာမယ့်အချိန်ကို
အမြန်ဆုံးရောက်ချင်နေမိတာ
ကိုယ်မှားလား
ချစ်သူ.....

No comments: