ဗြိတိန်နိုင်ငံသား ဇနီးမောင်နှံ နှစ်ဦးသည် Givenchy တံဆိပ် ပိုက် ဆံအိတ်အားခိုးယူသည်ဟု မတရား စွပ်စွဲခြင်းခံရကာ အမေရိကန်ဒေါ် လာ တစ်သောင်းတစ်ထောင်ပေး လိုက်ရသည်။
ထိုင်းနိုင်ငံအစိုးရကဘန်ကောက် မြို့၊ သုဝဏ္ဏဘူမိလေဆိပ်မှ အဆိုပါ လူကြားမကောင်းသောအဖြစ်အပျက် များအားအပြင်းအထိန်နှိမ်နင်းနေပြီ ဖြစ်သည်။ သုဝဏ္ဏဘူမိလေဆိပ်သည် ၂၀၀၈ ခုနှစ်က အစိုးရဆန့်ကျင်သူ များဆန္ဒပြကြသောကြောင့် ခရီးသွား ၃၀၀ç၀၀၀ ကျော် လေဆိပ်ထဲ၌သီတင်း တစ်ပတ်ပိတ်မိနေခဲ့သည်။ အဆိုပါ လေဆိပ်မှာ ၂၀၀၆ ခုနှစ်က ဖွင့်လှစ် ခဲ့ပြီး လေဆိပ်တွင် လာဘ်စားမှုများ၊ ခရီးဆောင်အိတ်ခိုးမှုများ၊ တက္ကစီ များတွင် တက္ကစီမီတာအပျက်များတပ် ၍ ခရီးသည်များအား လိမ်ညာမှုများ ဖြစ်ပေါ်နေသည်။ မကြာသေးမီကမှ ခရီးသွားများ၏ အထုပ်အပိုးများ အား သယ်ယူပေးသောအလုပ်သမား အား အင်္ကျီအိတ်မပါသော ယူနီဖောင်း များအားဝတ်ဆင်ရန်ညွှန်ကြားထားရ သည်။ သို့သော် ခရီးသည်များအား ပစ္စည်းခိုးယူသည်ဟု စွပ်စွဲကာ ခြိမ်း ခြောက်ငွေတောင်းသည့်အမှုများတစ် ဆင့်တိုးလာသည်။
ထိုင်းနိုင်ငံအစိုးရအနေနှင့်ကမ္ဘာ လှည့်ခရီးသွားများလုံခြုံရေးအတွက် အဓိကထားပြီးဆောင်ရွက်နေကြောင်း၊ အဆိုပါခြိမ်းခြောက်ငွေတောင်းသော အမှုများအားအထူးအလေးပေးဆောင် ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Vimon Kidchob…. က ပြောကြား လိုက်သည်။
နိုင်ငံရေးမငြိမ်သက်မှု၊ ကမ္ဘာ့ စီးပွားရေးအကျပ်အတည်းနှင့် A/H1N1 တုပ်ကွေးရောဂါများကြောင့် ထိုင်းနိုင်ငံ၏ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းမှာ အခက်အခဲများနှင့် ရင်ဆိုင် နေရချိန်တွင် ထိုကဲ့သို့ခြိမ်းခြောက် ငွေတောင်းမှုများမှာ ထိုင်းနိုင်ငံသား များကိုယ်တိုင် ‘Land of Smile’ ဟု အမည်တပ်ထားခြင်းအားထိခိုက် စေလျက်ရှိသည်။
သုဝဏ္ဏဘူမိလေဆိပ်၏ ကျော် မကောင်းကြားမကောင်းအဖြစ်အပျက် များမှာခရီးသွားဘလော့များပေါ်တွင် ပြောဆိုရေးသားဆွေးနွေးထားကြပြီး နိုင်ငံတကာမှခရီးသွားများအား လေ ဆိပ်ရှိဆိုင်များတွင်ဈေးဝယ်ရာ၌သတိ ထားကြရန်အကြံပြုထားသည်။
အိုင်ယာလန်နိုင်ငံမှ သူ့နိုင်ငံ သားများအား သုဝဏ္ဏဘူမိလေဆိပ် တွင် အထူးသတိထားကြရန်နှင့် ဈေးဝယ်ပြီးလျှင် ငွေပေးပြီးကြောင်း အထောက်အထားဖြစ်သည့် ငွေ လက်ခံဖြတ်ပိုင်းများအား သိမ်းဆည်း ထားကြရန် အကြံပြုထားသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့သွား ရောက်ကြမည့် မြန်မာနိုင်ငံသား များလည်း သုဝဏ္ဏဘူမိလေဆိပ်တွင် အထူးသတိပြုကြရန် လိုအပ်မည် ဖြစ်သည်။

No comments:
Post a Comment