Friday, September 18, 2009

ရန်ကုန်တိုင်း လှိုင်သာယာ၊ မြောက်ဥက္ကလာပနှင့် မင်္ဂလာဒုံမြို့နယ်တို့၌ ပေါက်ကွဲမှု အချို့ဖြစ်ပွား သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိ

စက်တင်ဘာ ၁၆ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်(၅)ရပ်ကွက်၊တပင်ရွှေထီးတာဝါလမ်းရှိ

KOMATSU ဟိုက်ဒရောလစ်မြေတူးမြေသယ် စက်ယာဉ် ရောင်းချရေး ကုမ္ပဏီ ခြံဝင်းအတွင်း ခြံစည်းရိုးနှင့် ၅ကိုက်ခန့်အကွာ၌

လည်းကောင်း၊ ည ၁၂ နာရီခန့်တွင် ယင်းလမ်းအတွင်းရှိ Family United Power ဟိုက်ဒရောလစ် မြေတူးမြေသယ်

စက်ယာဉ် ရောင်းချရေး ကုမ္ပဏီခြံဝင်းအတွင်း ခြံစည်းရိုးနှင့် ၅ ကိုက်ခန့်အကွာ၌ လည်းကောင်း၊ ပေါက်ကွဲမှုတစ်ခုစီ

ဖြစ်ပွားခဲ့သည်။ အလားတူပင် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၀၀နာရီ ၅၂ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်

စက်မှုဇုန်(၃)၊ နဝဒေးလမ်းရှိ ရေဥက္ကံကျေးရွာ ရဲကင်းအနီး၌လည်းကောင်း၊ မင်းသိဒ္ဓိကျော်စွာလမ်းရှိ Fly Man

သစ်အချောထည် စက်ရုံဝင်း၊ ခြံစည်းရိုး အပြင်၌ လည်းကောင်း ပေါက်ကွဲမှု တစ်ခုစီ ဖြစ်ပွားခဲ့သည်။ ထို့အတူ

စက်တင်ဘာလ ၁၇ ရက်နေ့နံနက် ၁ နာရီခွဲခန့်တွင် လှို်င်သာယာမြို့နယ် စက်မှုဇုန် (၃) မင်းကြီးမဟာမင်းခေါင်လမ်းရှိ

UNICEF ဆေးသိုလှောင်ရုံ ခြံစည်းရိုး၌ လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံစက်မှုဇုန် ကံ့ကော်လမ်းရှိ

“ဂျွန်အေ” အထည်ချုပ်စက်ရုံ အနောက်ဘက် ထရန်စဖော်မာအနီး၌ လည်းကောင်း၊ ပေါက်ကွဲမှုတစ်ခုစီဖြစ်ပွားခဲ့သည်။

အလားတူစက်တင်ဘာ ၁၇ ရက်နေ့နံနက် ၄ နာရီခန့်တွင် မင်္ဂလာဒုံ စက်မှုဇုန်ရှိ Myanmar-Asia Optical စက်ရုံဝင်း

အတွင်းရှိ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်းနှင့် မပေါက်ကွဲသေးသည့် အလျား ၆ လက်မနှင့်အနံ ၄ လက်မခန့်အမြင့်

၂ လက်မခန့်ရှိ ကတ်ထူစက္ကူများအတွင်း စားပွဲတင်နာရီဖြင့်ပြုလုပ်ထားသောချိန်ကိုက်မိုင်းတစ်လုံးကို

နံနက် ၉ နာရီမိနစ် ၂၀ ခန့်တွင် သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များကတွေ့ရှိရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ

ပေါက်ကွဲမှုများတွင်ပျက်စီးမှုအနည်းငယ်စီသာ ဖြစ်ပေါ်ခဲ့ကြောင်း၊ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်ပေါက်

ကွဲမှုဖြစ်ပွားရာ နေရာများသို့ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ရှင်းးလင်းဆောင်ရွက်မှုများ

ပြုလုပ်ပေးခဲ့ပြီးယင်းပေါက်ကွဲမှုများနှင့်ပတ်သက်၍ စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။ အများပြည်သူတို့အနေ

ဖြင့်လည်း မိမိတို့နေထိုင်ရာ၊ အသက်မွေးဝမ်းကျောင်းပြုရာ၊ကူးသန်းရောင်းဝယ်မှုပြုရာ အဝန်းအဝိုင်းအတွင်းသို့

အသွင်အမျိုးမျိုးဖြင့်ထိုဖောက်ဝင်ရောက်လာကြမည့် ဖောက်ခွဲဖျက်ဆီးရေးသမားများ၊ အကြမ်းဖက်သမားများကို အထူးသတိပြု

စောင့်ကြပ်ကြည့်ရှု ဖော်ထုတ်ပြီး တာဝန်ရှိသူများထံ အချိန်မီ သတင်းပေးပို့ခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်

သက်ဆိုင်ရာကတိုက်တွန်းနှိုးဆော်ထားကြောင်း ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်

ဖော်ပြထားပါသည်။

No comments: