Sunday, September 6, 2009

အမေရိကန်လက်ရာနှင့် ရုပ်ရှင်များ

အမေရိကန် ပြည်ထောင်စု၏ နာမည်ကျော် ဂန္တဝင် အနုပညာလက်ရာများနှင့်

ရုပ်ရှင်များကို Picturing America Art Exhibit & Flim Festival အမည်ဖြင့် စက်

တင်ဘာလမှ နိုဝင်ဘာလအတွင်း ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တို့တွင် ကျင်းပ

မည်ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူ အမေရိကန်သံရုံးမှ Mr. Winston ကပြောကြား

သည်။ အဆိုပါ ပြပွဲကို စက်တင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တာမွေမြို့

နယ်ရှိ International Language and Business Centre (ILBC) တွင်လည်း

ကောင်း၊ အောက်တိုဘာလ ၁ရက်နေ့မှ ၁၄ရက်နေ့အထိ မန္တလေးမြို့ရှိ Jefferson

Center တွင်လည်းကောင်း၊ အောက်တိုဘာလ ၃၀ရက်မှ နိုဝင်ဘာလ ၁၂ရက်နေ့

အထိ ရန်ကုန်မြို့ရှိ American Center တို့တွင်လည်းကောင်း ကျင်းပမည်ဖြစ်ပြီး

ယင်းပြပွဲတွင် နိုင်ငံတကာမှ လူမှုဘဝနှင့်ဆိုင်သော ဓါတ်ပုံ၊ လက်မှုပညာ၊ ပန်းပု၊

ကျောက်ဆစ်လက်ရာ၊ ပန်းချီကားများနှင့်ထင်ရှားကျော်ကြားသောရုပ်ရှင်ကားများ

ပြသမည်ဖြစ်ကြောင်း၊ ယင်းပြပွဲကို အမေရိကန် သံရုံးက အဓိကစီစဉ်ပြီး ILBC က

ပြပွဲကျင်းပနိုင်ရေးအတွက် နေရာစီစဉ်ပေးခြင်းဖြစ်ကြောင်း ၂၀၀၉ ခုနှစ် စက်တင်

ဘာလ ၇ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments: