Wednesday, September 16, 2009

Fiber to the Home စနစ်သစ်ဖြင့် တစ်နိုင်ငံလုံးသို့ အင်တာနက် ၀န်ဆောင်မှု ပေးမည်

မြန်မာတစ်နိုင်ငံလုံးသို့ အင်တာနက်ဝန်ဆောင်မှုများပေးနေသော ရတနာပုံတယ်လီ

ပို့ကော်ပို့ရေးရှင်းမှ ADSL နှင့် Wi- Max တို့ကဲ့သို့အင်တာနက်ချိတ်ဆက်မှုစနစ်တစ်ခုဖြစ်

သော Fiber to the Home (ဖိုက်ဘာဆက်ကြောင်းစနစ်) သစ်ဖြင့် ယခုနှစ် ဒီဇင်ဘာလ

တွင် တစ်နိုင်ငံလုံးသို့ ၀န်ဆောင်မှုပေးတော့မည် ဖြစ်ကြောင်း ပြည်တွင်း နည်းပညာနယ်

ပယ်မှစုံစမ်း သိရသည်။ဖိုက်ဘာဆက်ကြောင်းစနစ်ဖြစ်သော Fiber to the Home စနစ်

ဖြင့်တစ်နိုင်ငံလုံးဆက်သွယ်မှုပိုမိုမြန်ဆန်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အဆိုပါ

စနစ်မှာ ပြည်တွင်း၌ အင်တာနက် ဆက်သွယ်မှု လျင်မြန်စေရန်အတွက် ပထမဆုံးစတင်

သောစနစ်ဖြစ်သည်။ ယခုလက်ရှိပြည်တွင်း အင်တာနက်ဆက်သွယ်မှုစနစ်များမှာ တယ်

လီဖုန်းလိုင်းတစ်ခုရှိရုံဖြင့်အင်တာနက်အသုံးပြုနိုင်သော ADSLစနစ်ဖြင့်တယ်လီဖုန်းလိုင်း

ရှိစရာမလိုဘဲအင်တာနက်အသုံးပြုနိုင်သော Wimaxစနစ်တို့ဖြစ်သည်။ ADSL၀န်ဆောင်

မှုအား မြန်မာတယ်လီပို့နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့က ၀န်ဆောင်မှုပေးနေပြီး၊

Wimax ဆက်သွယ်မှုအား မြန်မာ့ဆက်သွယ်ရေးနှင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခု ဖြစ်သော

Red Link ကုမ္ပဏီတို့က ၀န်ဆောင်မှုများ ပေးနေသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း

မှလည်း Fiber to the Homeစနစ်အတွက် ပြည်တွင်း၌ Bandwidth ချဲ့ထွင်မှုများစတင်

ဆောင်ရွက်နေကြောင်း ၂၀၀၉ခုနှစ်စက်တင်ဘာလ ၁၇ရက်နေ့ထုတ် 7 Day News ဂျာ

နယ်တွင်ဖော်ပြထားပါသည်။

No comments: