Saturday, September 5, 2009

အချစ်ဖွင့်ဆိုချက်များ

လူတွေကပြောကြတယ်...

အချစ်ဆိုတာ ချစ်နေဖို့တဲ့...

အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့...

အချစ်ဆိုတာ ပိုင်ဆိုင်ရယူလိုခြင်းတဲ့...

အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူကို

စိတ်ချမ်းသာအောင် ထားတာတဲ့...

ဘာတွေမှန်းမသိတော့တဲ့

အချစ်ရဲ့ ဖွင့်ဆိုချက်တွေ ကြားထဲမှာ

ငါကရော ဘယ်လိုခံယူချက်နဲ့ ချစ်နေတာလဲ...

ပေးဆပ်ခြင်းလား စွန့်လွှတ်ခြင်းလား...

သူပျော်ရင်ပြီးရော ကိုယ်ကတော့

ကွယ်ရာမှာ မျက်ရည်ကျနေဖို့လား...

ဒီလိုခံယူချက်နဲ့ ငိုခဲ့ရတဲ့ နေ့တွေ

ကျခဲ့ရတဲ့ မျက်ရည်တွေ

ဘယ်နှရက် ဘယ်နှကြိမ်မှန်း မသိတော့ဘူး...

ချစ်သူကို အချစ်ကြောင့် စွန့်လွှတ်ခဲ့ဖူးတယ်ဆိုရင်

အဲ့ဒီအချစ်ကြောင့်ပဲ ချစ်သူကို ရအောင်ပြန်ယူမယ်...

အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူးတဲ့

တောင်းယူလို့မရရင် တိုက်ယူ

တိုက်ယူလို့မရရင် လုယူ

အချစ်ခြင်းတူရင် စစ်ခင်းယူမယ်...

ဒဿလို ယောကျာင်္း ဖြစ်စမ်းပါစေ

မင်းကိုတော့ ဘယ်သူ့ကိုမှ မပေးနိုင်ဘူး

ရင်ကွဲမတတ် ရူးမတတ် ချစ်မိလို့ပါ ချစ်သူ...။

No comments: