Sunday, September 27, 2009

ဂျီမေးစနစ်ချွတ်ယွင်း

နည်းပညာပိုင်း ဆိုင်ရာ ပြဿနာ အချို့ကြောင့် ရပ်ဆိုင်း သွားသော Gmail ၏ Service ကို ပြန်လည် ပြင်ဆင်ပြီး ဖြစ်ကြောင်း Google က စက်တင်ဘာ (၂၄)ရက် နေ့တွင် ကြေညာခဲ့သည်။
Google ၏ အဆိုအရ ကမ္ဘာကျော် Gmail စံနစ် ထိုနေ့က (၂)နာရီမျှ ရပ်ဆိုင်း သွားခြင်းသည် သတ်မှတ် ထားသော User ပမာဏထက် များစွာ ကျော်လွန် သွားခြင်းကြောင့် ဟု သိရှိ ရသည်။
အကျိုးဆက် အနေနှင့် ကမ္ဘာတလွှားမှ Gmail အသုံးပြုသူ သန်းပေါင်း များစွာတို့သည် ၎င်းတို့၏ Account များကို ဖွင့်မရဘဲ ဖြစ်နေခဲ့သည်။ သို့သော်လည်း Google က ယင်းပြဿနာကို အချိန်မီ ပြင်ဆင်နိုင်ကြောင်း ကြေညာခဲ့သလို User များကိုလည်း တောင်းပန်ခဲ့သည်။

Google သည် ယခုတကြိမ် ဖြေရှင်းပြီး ဖြစ်သော်လည်း အလားတူ ပြဿနာမျိုး နောက်ထပ် ပေါ်လာမည်ကို စိုးရိမ်လျှက် ရှိနေခဲ့ပြီး၊ Google ၏ Mail စံနစ် အသုံးပြု၍ မရသော အချိန်ပိုင်းအတွင်း ထိုကိစ္စအား User များက အရေးဆိုခဲ့ပြီး Twitter ဆိုရှယ်နက်(ခ်)ဝပ် မှတဆင့် အများဆုံး Post များတင်ကာ Google ကို ဖိအား ပေးခဲ့ကြကြောင်း သိရှိရသည်။

No comments: