Monday, September 14, 2009

ထာဝရ

အလွမ်းတွေ အဆွေးတွေကို

ငါ့နှလုံးသားက ကျင့်သားရနေပြီ

အနာဂတ်မရှိတဲ့ လမ်းတွေကို လျှောက်လှမ်းရင်း

လဲကျခဲ့တာ အကြိမ်ကြိမ်ပါ

နှလုံးသားတခုလုံးကို လွှမ်းမိုးထားတဲ့

မင်းအချစ်တွေကို ငါဆုတ်ကိုင်ထားနေဆဲ

ချစ်တတ်တဲ့ ငါ့အသည်းနှလုံးတစ်နေရာမှာ

ထာဝရ ကမ္မည်းထိုးထားတာက မင်းပါ။


(http://www.myittaryoungpyan.com မှ ကူးယူဖော်ပြပါသည်။)

1 comment:

Anonymous said...

ကျေးဇူးပါ ယုံလေးရေ ... အခုလို မမရဲ့ ပိုစ့်လေးကို ဖေါ်ပြပေတဲ့ အတွက်။

စာကောင်းပေမွန်တွေကို အောင်မြင်စွာ ဆက်လက်ရေးသားနိုင်ပါစေရှင်။

လေးစားလျှက်
မေတ္တာရောင်ပြန်