ချစ်သူရယ်
အေးစက်စက်အနမ်းတွေနဲ့
နှစ်သိမ့်ခဲ့တဲ့နေတွေ
ဘယ်လောက်များရှိနေပြီလဲ.....
ချစ်သူရယ်
အသက်မပါတဲ့အပြုံးတွေအတွက်
ပင်ပန်းတယ်လို့ မထင်ဘူးလား
ချစ်သူရယ်
ရင်ခုန်သံမပါတဲ့
ချစ်တယ်ဆိုတဲ့
စကားတွေဘယ်တော့များမှ
ရပ်တန့်နိင်မှာလဲ
ချစ်သူရယ်
ဘယ်လောက်ထိငါ့အပေါ်
မင်းလှည့်စားနေအုံးမှာလ
တကယ်ဆို
မင်းပြောသင့်တာပေါ့
အချစ်တခုဟာ
လွယ်လွယ်နဲ့ဖြစ်တည်တာ
မဟုတ်သလို
လွယ်လွယ်နဲ့ပျောက်ပျက်
သွားမယ်လို့ မင်းထင်လား
ချစ်သူရယ်
အချစ်ဆိုတာ ချစ်နေသူ
တယောက်အတွက်
အချစ်ဟာ ထာဝရပါ ချစ်သူရယ်
Subscribe to:
Post Comments (Atom)
1 comment:
When I read this,
I fetl somthing..
I found something..
I got ur message..
Cheers !!
Post a Comment